ဘ၀လမ်းခရီးကြမ်းတမ်းသည်ရှိသော်
၂၀၀၉ ခုနှစ် သြဂုတ်လ တွင် အလက်စကားဒေသရှိ ကီနိုင်းမျိုးနွယ်စုမှ ဘလဲနှင့် ရိုနာ မာတင်တို့၏ ကိုးနှစ်အရွယ်သားမက်တီမှာ နွားဝှေ့ သေဆုံးသွားသည်။ မိသားစုနှင့်ကျွန်ုပ် တွေ့ဆုံပြီး ၀မ်းနည်းပူဆွေးမှုကို အတူမျှဝေခံစားခဲ့သည်။ ဤကြေကွဲစရာဖြစ်ရပ်ကြောင့် သူတို့ လွန်စွာခံစားနေရမှန်း ကျွန်ုပ်နားလည်သည်။
သူတို့သည်ဘုရားသခင်ထံမှ ကရုဏာနှင့် နှစ်သိမ့်ခြင်းကို ရှာဖွေနေကြောင်းလည်း ကျွန်ုပ် သိသည်။ သူမ စိတ်ပျက်အားငယ်ချိန်များတွင် သူမသည် ၂ ကော ၁း၉ ကိုဖတ်လိုက်ရသည်။ “ငါတို့သည် မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားရမည်” ဟူ၍ဖြစ်သည်။ မက်တီ၏မိခင် တွေ့ရှိခဲ့သည့်အချက်က ဘ၀လမ်းခရီးကို လှမ်းနေသူတိုင်းအတွက် အလွန်အဖိုးတန်ပေသည်။
ထိုကျမ်းချက်အားဖြင့် သခင်ယေရှု သူမကို စကားပြောနေသကဲ့သို့ ခံစားခဲ့ရသည်။ “ရိုနာ မင်းရဲ့လမ်းခရီးဟာ မင်းအတွက် အလွန်ခက်ခဲပြီးပင်ပန်းတယ်၊ အရိုးတွေဆွေးမြေ့သကဲ့သို့ ဖြစ်နေ တယ်ဆိုတာ ငါသိတယ်။ မင်းရဲ့ပင်ပန်းနွမ်းနယ်မှုတွေအတွက်…
အမည်နာမ
အမည်နာမသည် ကျွန်ုပ်တို့အတွက် မည်သည့်အကျိုးထူးခြားမှုကို ဖြစ်စေပါသနည်း။ တနင်္ဂနွေတစ်မနက်ခင်းတွင် ကျွန်တော်သည် ဂျမေးကာရှိ Black River ဘုရားကျောင်းအပြင်၌ ဆယ်ကျော်သက်ရွယ် မိန်းကလေးတစ်ဦးနှင့် မတ်တပ်ရပ်စကားပြောရင်း ဤသို့အမည်နှင့် ပတ်သက်သောအကြောင်းကို စတင်စဉ်းစားမိသည်။ သူမက “နေ့စဉ်ခွန်အားစာစောင်မှာ ကျွန်မ နာမည်ကို ထည့်ရေးပေးပါလား”ဟု ဆိုလာပါသည်။ ရေးစရာအကြောင်းအရာတစ်ခုခု ရှိလားဟု မေးရာ သူမက “ဟင့်အင်း၊ ကျွန်မနာမည်ကို ဒီအတိုင်းပဲ ဖော်ပြပေးပါ”ဟု ပြန်ဖြေပါသည်။
သူမ၏တောင်းဆိုချက်နှင့် သူမနာမည်အကြောင်း စဉ်းစားနေရင်း “Joyeth” (၀မ်းမြောက် ခြင်း) ဆိုသည့် သူမ၏နာမည်ကို မိဘများက ဘာ့ကြောင့်မှည့်ထားရသနည်းဟု တွေးမိသည်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် ပင်ကိုယ်စရိုက်ကိုကြည့်ပြီး မိဘများက သူ့ဘ၀ပျော်ရွှင်ဝမ်းမြောက် စေရန် ရည်ရွယ်ပြီး ပေးထားခြင်းဖြစ်ပါက သူတို့ဆန္ဒပြည့်ပြီဟု ကောက်ချက်ချမိပါ၏။
ရင်သွေးငယ်တစ်ဦး မွေးဖွားလာတော့မည်ဆိုလျှင် မိဘအတော်များများ ထိုကဲ့သို့ ရွေးချယ် မှု ပြုကြပါသည်။ သို့သော် ကလေးငယ်တစ်ဦးမှာ…
အဆင်သင့်ဖြစ်စေ
ကျွန်တော့်သမီးမယ်လီဇာသည် သူ့ရွယ်တူ သူငယ်ချင်းများနည်းတူ ကြီးပြင်းအရွယ်ရောက်လျက် ဘ၀လမ်းအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်ကြသည်။ ကျောင်း၌ သင့်တော်သောသင်တန်းများ တက်ထား ပြီး ACT တက္ကသိုလ် ၀င်ခွင့်စာမေးပွဲဖြေရန် စာရင်းသွင်းထားပြီး အသင့်ပြင်ဆင်ထားခဲ့ပါသည်။
အတန်းချိန်ပြင်ပတွင် မယ်လီဇာသည် သူငယ်ချင်းများ၊ အတန်းဖော်များ၊ သင်တန်းဖော်များနှင့် အချိန်ပေးကာ လူအများနှင့် အဆင်ပြေပြေနေတတ်ရန် လူမှုဝန်းကျင်ဆက်ဆံရေးစွမ်းရည်ကို လေ့လာနေ ခဲ့၏။ အိမ်၌ရှိချိန်တွင် မိမိ၏အနာဂတ်မိသားစုဘ၀အတွက် ခရစ်ယာန်မိသားစုတစ်ခုအတွင်း အပြန် အလှန် ဆက်ဆံပုံနည်းလမ်းကို လက်တွေ့ကျကျ အတွေ့အကြုံယူနေခဲ့ပါသည်။
အရွယ်ရောက်သူတစ်ဦးအနေဖြင့် ဘ၀ကို ရင်ဆိုင်ဖြတ်သန်းရန် ပြင်ဆင်စရာများရှိပြီး မယ်လီဇာ ၏ အခြေအနေမှာ တိုးတက်ကောင်းမွန်နေခဲ့ပါသည်။
သို့ရာတွင် ထိုပြင်ဆင်မှုတစ်ခုတစ်လေကိုမျှ သူ မလိုအပ်ပြီ။ ၂၀၀၂ ခုနှစ် သူမ၏အသက် ၁၇ နှစ် အရွယ်တွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ချိန်တွင် တစ်ခုတည်းသောအရေးပါသည့် ပြင်ဆင်ထား မှုကား ကောင်းကင်အတွက် သူမ အဆင်သင့်ဖြစ်နေခြင်းပင်ဖြစ်ပါသည်။
လှပသော ဇွန်လလယ်…
မည်သို့ပင်ဖြစ်စေ အလင်းလင်းပါ
ရှင်းရှင်းပြောရလျှင် အရောင်းဆိုင်သို့ နောက်တစ်ခေါက် သွားရသည်ကို ကျွန်ုပ် မနှစ်သက် ပါ။ လွန်ခဲ့သောလေးပတ်က ၀ယ်ခဲ့သော ရေခဲသေတ္တာ မကောင်းသဖြင့် ကျွန်တော်တို့ဇနီးမောင်နှံ ပြန်အမ်းငွေရရန် ကြိုးစားခဲ့သည်။ နောက်တစ်ကြိမ် မန်နေဂျာနှင့် စကားပြောရပြီး ထိုကဲ့သို့ပြောရ ခြင်းက ကျွန်ုပ်တို့ ချောက်ကမ်းပါးသို့ ဦးတည်သွားနေသကဲ့သို့ ခံစားရသည်။ စကားပြောရင်း ပိုက်ဆံပြန်ရပါ့မလားဟုတွေးမိသော်လည်း သိမ်သိမ်မွေ့မွေ့ပြောနိုင်အောင် ကျွန်ုပ် ကြိုးစားခဲ့၏။
စကားပြောရင်းမှ မန်နေဂျာက “အများအားဖြင့် ၀ယ်သူတွေက ကျုပ်ကို အော်သွားတတ် တယ်။ ခင်ဗျားကတော့ တော်တော်စိတ်ရှည်တာပဲ”ဟု ပြောသည်။ ထို့နောက် သူက “ပြန်အမ်းငွေ ရဖို့ အခြားနည်းလမ်းကို စမ်းကြည့်တာပေါ့”ဟု ပြောသည်။ ကျွန်ုပ်ကို သူက မေးခွန်းအချို့မေးပြီး ငွေမှတ်စက်ထဲသို့ နံပါတ်အချို့ကို ရိုက်ထည့်သည်။ ဒေါသတကြီးနှင့် ၀ယ်သူအချို့အကြောင်းကို ခဏစကားပြောဖြစ်ကြသည်။ ထို့နောက် ငွေမှတ်စက်မှ ပြန်အမ်းငွေကို ဖော်ပြသောပြေစာတစ်ခု ထွက်လာသည်။ ကျွန်ုပ်တို့၏ပြဿနာက…